လ - ဧပြီ 2026

ဘုရားသခင်၏လက်တော်၌ လုံခြုံခြင်း

အပန်းဖြေကစားကွင်းထဲရှိ ချားရဟတ်ကဲ့သို့လည်နေသည့်ယာဥ်ကြီး မြင့်လာသည်နှင့်အမျှ ထိုရေပန်းစားသောယာဥ်၌ စီးနင်းလိုက်ပါလာသူများ၏အသံများကို လျစ်လျူရှုရန် ကြိုးစားရင်း ကျွန်မမျက်လုံးများကို မှိတ်ထားလိုက်သည်။ ခေတ္တမျှ ယာဥ်ရပ်သွားသည့်အခါ အသာချောင်းကြည့်မိခြင်းက ကျွန်မအမှားပင်။ အောက်သို့ ထိုးဆင်းတော့မည့်မြင်ကွင်းကို မြင်လိုက်ရ၍ ကျွန်မထိတ်လန့်ကာ မျက်စိထပ်မှိတ်ပြီး အောက်သို့ ထိုးဆင်းသွားသည့် တောက်လျှောက် အော်ပစ်လိုက်သည်။ ထိုကလေးဘဝအမှတ်တရက ကျွန်မကို တုန်လှုပ်စေခဲ့ပါသည်။

တစ်ခါတစ်ရံတွင် ဘဝ၌ ကျွန်မတို့ကို ဖမ်းဆီးမည်သူမရှိဘဲ ထိုးဆင်းသွားသကဲ့သို့ ခံစားရသည်။ သို့သော် ဘဝသည် ဖရိုဖရဲနှင့် ထိန်းမနိုင်သိမ်းမရဖြစ်သောအခါတွင် ဘုရားသခင်သည် ကျွန်မတို့နှင့်အတူရှိတော်မူကြောင်း အသိဖြင့် နှစ်သိမ့်မှုရနိုင်သည်။ ယုံကြည်သူများအနေဖြင့်၊ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်မတို့အတွင်း၌ ကျိန်းဝပ်ကြောင်း ကျွန်မတို့သိပါသည်။ ကျမ်းစာ၏လမ်းညွှန်မှုကို ခံယူလျက်၊ ကိုယ်တော်အား ကျွန်မတို့ စကားပြောနိုင်သည်။

ဘုရားသခင်သည် ဣသရေလတို့၏မနာခံမှုနှင့် “ကျဆုံးခြင်းများ”ကြားတွင် သူတို့ကို “ဖမ်းဆီး”မည်ဟု ဣသရေလလူမျိုးတို့အား အာမခံလိုသည်။ ဘုရားသခင်သည် ပရောဖက်ဟေရှာယမှတစ်ဆင့် “မစိုးရိမ်နှင့်။…

မေတ္တာစိတ်၏နှိုးဆော်မှု

အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့ရှိ လာဗန်ဒါလမ်းအတိုင်း အမ်မလီ ကန်ဝါ့ဒ် လျှောက်လာသည်။ သူသည် မကြာမီကမှ သခင်ယေရှုကို ယုံကြည်သူအဖြစ် ပြောင်းလဲလာပြီး၊ ယခု ထိုလမ်းကို မြင်သည့်အမြင်က ကွဲပြားနေသည်။ နေ့ခင်းဘက်တွင် ကန့်လန့်ကာ ချထားသော အိမ်မည်မျှရှိသည်၊ ထိုပတ်ဝန်းကျင်၌ သက်ကြွယ်လူကြီး အများပြားရှိနေသော်လည်း အိုမင်းမစွမ်းသူများ မည်မျှရှိသည်ကို သူမ သတိပြုမိသည်။ သို့နှင့် သူအကြံတစ်ခုရခဲ့သည်။

သူမသည် ဘရိုက်တန်မြို့ရှိ သက်ကြီးရွယ်အိုများ၏ နေရပ်လိပ်စာများကို စုံစမ်းပြီး၊ သူတို့ကို နေ့လည်ခင်းလက်ဖက်ရည်ပွဲသို့ ဖိတ်ခေါ်ခဲ့သည်။ ရောက်လာသူများက ယခုတွင် တစ်ဦးတည်းနေပြီး၊ လအတော်ကြာကြာ မည်သူနှင့်မျှ မတွေ့ဘဲ နေနေကြကြောင်း ပြောသည့်အချက်က တူညီကြသည်။ မည်သည်ကို သူတို့တောင့်တသနည်း။ အလည်လာမည့်သူကို တောင့်တကြသတည်း။

သခင်ယေရှုကို ယုံကြည်ခြင်းက ကမ္ဘာကြီးနှင့် ၎င်း၏လိုအပ်ချက်များအပေါ် ကျွန်ုပ်တို့၏တုံ့ပြန်ပုံကို ပြောင်းလဲစေသည်။ သက်သာလောနိတ်မြို့သားများ သည် ဘုရားသခင်ထံသို့ ပြောင်းလဲပြီးနောက် ၎င်းတို့၏ပြောင်းလဲသောအသက်တာက…

ကျွန်ုပ်တို့အား ထောက်ပံ့သောဘုရားသခင်

၂၀၂၄ ခုနှစ်က ဆယ်ကျော်သက်လေး Keegan(ကီးဂန်)သည် ၂ ပေရှည်သော Barramundi(ဘာရမ်မွန်ဒီ)ငါးကို မိပြီး ပျော်ရွှင်စွာ ငါးမျှားကြိုးကို ရစ်သိမ်းနေခဲ့သည်။ သို့သော် သူ့ညီမငယ်က ငါး၌ ချိတ်ဆွဲထားသည့်ကတ်ပြားကို ညွှန်ပြသော အခါတွင် သူ၏ပျော်ရွှင်မှုမှာ အတိုင်းမသိ ပီတိဖြစ်သွားသည်။ သြစတြေးလျငါးမျှားပြိုင်ပွဲ၏ တစ်စိတ်တစ်ဒေသအနေဖြင့် ထိုငါးကိုဖမ်းမိခြင်းက ဒေါ်လာ ၁ သန်း တန်ဖိုးရှိသည်။ ထိုပွဲကို ၂၀၁၅ ခုနှစ်ကတည်းက နှစ်စဥ်ကျင်းပခဲ့ပြီး၊ ကီးဂန် သည် မက်လောက်စရာငွေသားဆုကို ပထမဆုံးရရှိခဲ့သူဖြစ်သည်။

ထိုငါးကို ဖမ်းမိရန် ဖြစ်နိုင်ခြေနည်းပါသည်။ ကြုံရာကျပန်းဖမ်းမိသောငါး၏ ပါးစပ်ထဲမှ အကြွေစေ့ရှိနေခြင်းက ပို၍ပင်မဖြစ်နိုင်။ သို့သော် ရှင်မဿဲခရစ်ဝင်တွင် သခင်ယေရှုက သူ၏တပည့်တော်ပေတရုအား “အိုင်သို့သွား၍.... ရှေ့ဦးစွာရသောငါးကိုယူ၍ ပါးစပ်ကိုဖွင့်လျှင်၊ သတာတဲတစ်ပြားကို တွေ့လိမ့်မည်” (၁၇:၂၇)ဟု မိန့်ကြားခဲ့သည်။

ဤအဖြစ်အပျက်၏နောက်ခံအကြောင်းအရာမှာ သခင်ယေရှု ဗိမာန်တော်အခွန်ပေးဆောင်ခြင်းရှိမရှိ မေးခွန်းထုတ်ခြင်းဖြစ်သည်(:၂၄)။ ဘုရားသခင်၏ သားတော်ဖြစ်သူ ယေရှုအား…

သမ္မာကျမ်းစာကို လိုက်နာကျင့်သုံးသူများ

ကျွန်မ၏စားပွဲပေါ်တွင် သတိပေးချက် မှတ်စုတိုဘုတ်ပြားတစ်ခုရှိပြီး၊ လွန်ခဲ့သည့်နှစ်များက အာဟာရမဂ္ဂဇင်းတစ်ခုမှ ဖြတ်ယူထားသော “ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်း ၁၀ ခု” စာရင်းတစ်ခုရှိသည်။ ၎င်းကို ကျွန်မ နေ့တိုင်းမြင်နေသော်လည်း လေးချက်ကိုသာ မှတ်မိသဖြင့် ကျွန်မအံ့သြမိခဲ့သည်။ ထိုစာရင်းကို ကျွန်မ အသေချာမကြည့်၊ လိုက်မလုပ်သော်လည်း ၎င်းသည် ကျွန်မ၏ နေ့စဉ်ပတ်ဝန်းကျင်တွင် အကျွမ်းတဝင်ရှိသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

၎င်းနှင့်အလားသဏ္ဌာန်တူသည့် သမ္မာကျမ်းစာအပေါ် ယုံကြည်သူများစွာတို့၏ သဘောထားကို ရှင်ယာကုပ်က“တရားကို မကျင့်ဘဲ နာရုံမျှသာပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို... အခြားသို့ သွား၍ မိမိ အဆင်းသဏ္ဌာန်ကို ချက်ခြင်းမေ့လျော့တတ်၏” (ယာ ၁:၂၃-၂၄)ဟူ၍ ဖော်ပြထားသည်။ ခရစ်တော်နောက်လိုက်များစွာတို့သည် သမ္မာကျမ်းစာ၌ ပြောထားသောအရာကို သတိပြုသိရှိကြပါသည်။ သို့သော် ကျွန်မတို့သည် “နှုတ်ကပတ်တော်ကို နာရုံမျှသာပြုသောသူ”များ ဖြစ်နိုင်ပြီး(:၂၂)၊ ကျွန်မတို့၏နာခံမှုသည် ထိုနေရာ၌သာ အဆုံးသတ်သွားနိုင်သည်။ ဤသို့ဖြင့် နှုတ်ကပတ်တော်သည် “(ကျွန်မတို့အား) လွှတ်ခြင်းနှင့်ဆိုင်၍ စုံလင်သောတရား”ကို…

သစ္စာရှိခြင်းနှင့် ခွင့်လွှတ်ခြင်း

The Empire Strikes Back ရုပ်ရှင်ဇာတ်လမ်းမှ ဟန်စိုလို(Han Solo)သည် သူ၏သင်္ဘောတိုက်ခိုက်ခံရချိန်တွင် ပြုပြင်ရမည့်အရာတစ်ခုကို မပြုပြင်ခဲ့ခြင်းကြောင့် လွတ်မြောက်ရန်လမ်းလည်း ရှိပုံမပေါ်ချိန်တွင် “ဒါကျုပ်ရဲ့ အပြစ်မဟုတ်ဘူး”ဟုပြောခဲ့သည်။ သူဤသို့ပြောသည့်အခါ အနည်းဆုံးတော့ သူ့ပြဿနာအတွက် တာဝန်ရှိသော်လည်း သူဝန်မခံချင်ဟု သင်တွေးမိမည်။

ကျွန်တော်လည်း ထိုသို့ကြုံဖူးသည်။ တစ်ခါတစ်ရံ မိမိတာဝန်ရှိခြင်းကို လက်ခံလိုက်ခြင်းထက် တစ်စုံတစ်ဦး(သို့) တစ်စုံတစ်ခုအပေါ် အပြစ်လွှဲချလိုက်ခြင်းက ပိုပြီးလွယ်ကူပါသည်။ ထိုသဘောထားသည် အပြစ်နှင့်တူသည်ဟု ကျမ်းစာ၌ ဖော်ပြထားပါသည်။ အာဒံနှင့်ဧဝ နှစ်ဦးလုံးသည် ထိုအရာကို ကျူးလွန်ခဲ့သည် (က ၃:၁၁-၁၃)။ အာရုန်လည်း ထိုနည်းတူပင်။ မောရှေသည် သိနာတောင်ပေါ်တွင် ဘုရားသခင်နှင့်အတူရှိလျက် ပညတ်တော်ဆယ်ပါးကို လက်ခံရယူစဥ်၊ ကျွန်ဘဝမှ ဘုရားသခင် ကယ်နှုတ်ခဲ့သော လူတို့သည် ရုပ်တုကို ပြန်လည်ကိုးကွယ်နေကြောင်း ဘုရားသခင် မိန့်ကြားခဲ့သည် (ထွ ၃၂:၇-၈)။ မောရှေပြန်ဆင်းလာပြီး (သူတာဝန်ပေးထားခဲ့သည့်) အာရုန်နှင့် ရင်ဆိုင်ဖြေရှင်းသောအခါ၊…